ကင်ညာနိုင်ငံ၌ နှစ်သစ်ကူးကာလမတိုင်မီ လူပေါင်း ၁၀ သန်းကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့

နိုင်ရိုဘီ ဇန်နဝါရီ ၂

ကင်ညာနိုင်ငံတွင် လူပေါင်း ၁၀ သန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မကုန်မီ လူပေါင်း ၁၀ သန်းကျော်ကို ကာကွယ်ဆေး ထိုးပေးနိုင်ရမည်ဟူသော ရည်မှန်းချက် ပြည့်မီအောင် စွမ်းဆောင်နိုင်ခဲ့သည်ဟု ဒီဇင် ဘာ ၃၁ ရက်တွင် ကင်ညာ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ သည့် လူပေါင်း ၁၀ သန်းတွင် ၅ ဒသမ ၈ သန်းမှာ တစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသားဖြစ်ကာ ၄ ဒသမ ၁၆ သန်းမှာ နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီး သားဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရအဖွဲ့ အတွင်းဝန် မူတာဟီကာဝီက ပြောသည်။

ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူဦးရေမှာ ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အစိုးရသည် လူပေါင်း ၂၇ သန်းလုံးကို ကာကွယ်ဆေး ထိုးပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ဟု အရာရှိတစ်ဦးက ပြောသည်။

အရှေ့အာဖရိက နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ကင်ညာ နိုင်ငံတွင် လူဦးရေ ၁၀ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ပြီဖြစ်သော်လည်း အိုမီခရွန်ကူးစက်မှုနှင့် ရုန်းကန်နေရဆဲ ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ စတင်ကာ နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူများ ဗီဇပြောင်းကူးစက်မှုမှ အကာအကွယ်ပေးနိုင်ရေးအတွက် တတိယအကြိမ် ကာကွယ်ဆေးထိုးပေးမှု စတင်တော့မည်ဟု သမ္မတဟူရာကင်ညာတာက ပြောသည်။

ဆင်ဟွာ