ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဓာတ်ပုံပြပွဲဆောင်ရွက်

ကွန်ဟိန်း ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဓာတ်ပုံပြပွဲကို  ယနေ့နံနက် ၁၀ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံပြပွဲတွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်အကျဉ်းချုပ်မှတ်တမ်းများ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား ဓါတ်ပုံများ၊ ကာတွန်းများ၊ဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ပြသခဲ့သည်။

အဆိုပါ ဓါတ်ပုံပြပွဲအား ကျောင်းသား ကျောင်းသူများ နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့များအား အစဉ်အမှတ်ရနေစေရန်၊ လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းအား သိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၇၅)ဦးခန့် ကြည့်ရှုခဲ့ပြီး နေ့စဉ်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည့်(ကွန်ဟိန်း)