ကွန်ဟိန်းမြို့နယ်တွင် အိုက်စ် (Methamphetamine) များ ဖမ်းဆီးရမိ 

နေပြည်တော် ၁၆ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီခွဲက ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြင့်အောင်မောင်းနှင်လာသည့် DONGFENG အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ မော်တော်ယာဉ်၏ ဘော်ဒီရှေ့ပိုင်း အံဝှက်အတွင်းမှ အိုက်စ် (Methamphetamine) ၆၀ဝ ကီလို ဒေသပေါက်ဈေး ငွေကျပ်သိန်း ၁၅၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ယင်းနေ့ညနေ ၄ နာရီ ၁၀ မိနစ်က မူးယစ်တပ်ဖွဲ့စု(၂၁) ကွမ်းလုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အဝင်၊ လောက်ကိုင်-ချင်းရွှေဟော်သွား ကားလမ်းတွင် ဖန်းကိုင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(သတင်းစဉ်)