ကြံခင်းမြို့နယ် တဲတန်းကျေးရွာတွင် တည်ဆောက်နေသော တိရစ္ဆာန်အသက်ကယ်ကုန်းမြင့် (Animal Safe Land)အား နိုင်ငံတကာတိရစ္ဆာန်များ သက်သာချောင်ချိရေး ရန်ပုံငွေအဖွဲ့ (IFAW) မှ လာရောက်လေ့လာ

ကြံခင်း ၂၈ မေ      

 

 
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလယ်ကျွန်းအုပ် တဲတန်းကျေးရွာ၌ တည်ဆောက်နေသော ကျွဲ၊ နွား တိရစ္ဆာန် ရေဘေးရှောင် အသက်ကယ်ကုန်းမြင့် (Animal Safe Land) တွင် အသက်ကယ်ကုန်း အဆောက်အဦ (Animal Shelter) အား ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မေလတွင်စတင်၍ မြန်မာသစ္စာအလှကုမ္ပဏီက တာဝန်ယူတည်ဆောက်နေကြောင်းနှင့် ၎င်းအဆောက်အဦတွင် တိရစ္ဆာန်ကောင်ရေ (၃၀ဝ) မှ (၅၀ဝ)အထိ ထားရှိနိုင်ကြောင်း သိရသည်။

 


အဆိုပါ အသက်ကယ်ကုန်း အဆောက်အဦ (Animal Shelter) တည်ဆောက်နေမှုကို အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာတိရစ္ဆာန်များ သက်သာချောင်ချိရေး ရန်ပုံငွေအဖွဲ့က လာရောက်လေ့လာခဲ့ပြီး ၎င်းတို့မှ (Animal Safe Land And Shelter) များ ဆောက်လုပ်ခဲ့စဉ်က တွေ့ကြုံခဲ့ရသော အားသာချက်၊ အားနည်းချက်များကို အကြံပြုခဲ့ကြကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 


ပို့ပို့ (ပြန်/ဆက်)

 

ddfw