ကြံခင်း ဇူလိုင် ၂၂

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား မှန်ခြောက်မှန်နှင့်အညီ ရောင်းချစေရေး၊ လက်ဝယ်သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျရောင်းချမှုရှိ/မရှိတို့ကို ယနေ့ညနေပိုင်း တွင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် စာသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့နယ်အတွင်း စားအုန်းဆီလက်ကား ကိုယ်စားလှယ်နှစ်ဆိုင်နှင့် လက်လီကိုယ်စားလှယ် ၃၄ ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာလျှင် ငွေ ၇၈၉၁ ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)