ကြံခင်းမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ကြံခင်း ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကိုးအင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၁ မိုင် ၄ ဖာလုံ (မြေသားနှင့် Lime Stabilized) ခင်းခြင်း လုပ်ငန်းတို့ကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၂၃ ဒသမ ၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် Royal Golden Power ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ ကိုးအင်းကျေးရွာကုန်ထုတ်လမ်းသည် အဆိုပါကျေးရွာရှိ အိမ်ခြေ(၁၂၆)အိမ်၊ လူဦးရေ(၅၀၂)ဦးတို့၏ လယ်ယာ ထုတ်ကုန်ဧက(၄၀၀)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်