ကြံခင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မီးသတ်ဦးစီးရုံး၌ ယနေ့နံနက်ပိုင်းတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံသင်တန်း (၂/၂၀၂၆)ကို ဖွင့်လှစ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းက အမှာစကားပြောကြားပြီး မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များ၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဇွန် ၁ ရက်မှ ၅ ရက်အထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)


