ကြံခင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်     .              

ကြံခင်း      ဇွန်        ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်ပြီးယမန်နေ့  နံနက်ပိုင်းက  ရွာသစ်ရပ်ကွက်နှင့်မြို့မရပ်ကွက်ရှိနေအိမ်များခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုမြို့နယ်ပြည့်သူ့ကျန်းမာရေးဦးဆောင်မှုဖြင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ရပ်ကွက်များအတွင်းရှိနေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးခြင်း၊  ရေအိုး  ၊ရေကန်များ၊ဘုရားပန်းအိုး ၊ ရေစည် ၊ ရေပုံးများတွင် ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရန် ၊ဖုံး သွန် လဲ စစ် လုပ်ငန်းများ ဆောင် ရွက်ခြင်း ၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)