ကန်ကြီးထောင့်မြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများလှူဒါန်း

ကန်ကြီးထောင့်   ၁   ဧပြီ 

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် လိုအပ်သည့်‌ နေရာများ၌ အသုံးပြုရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီသို့ မတ် ၃၁ ရက်၊ ညနေပိုင်းက စေတနာရှင်ပြည်သူများမှအလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းမိသားစုများမှ ငွေကျပ် ၇၅၀ဝ၀ဝ ကိုလည်းကောင်း၊မြို့နယ်ပညာရေးမိသားစုမှ ငွေကျပ် ၅၀ဝ၀ဝ၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းမှ ငွေကျပ် ၂၀ဝ၀ဝ၀ ကိုလည်းကောင်း၊ ဦးမောင်မောင်ခင်+ဒေါ်ခင်ခင်မြင့် မိသားစု (အောင်သိန္ဓိ ဆန်စက်)မှ ငွေကျပ် ၅၀ဝ၀ဝ၀ ကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ငွေကျပ် ၁၀ဝ၀ဝ ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး မြို့နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင် ဦးဇော်မျိုးဦးတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

နန်းထိုက် (KGD)