ကျွန်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဈေးသည်များအား RDT Test Kit ဖြင့် စစ်ဆေးပေး

ကျွန်းလှ အောက်တိုဘာ ၂၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပျဉ်းမမြိုင်ဈေးနှင့် ပိတောက်မြိုင်ဈေးတို့တွင် ရောင်းချလျက်ရှိသော ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် ယနေ့နံနက်ပိုင်းက စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်ယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးကော်မတီများ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ကျွန်းလှမြို့ ဈေးသုံးဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပျဉ်းမမြိုင်ဈေးတွင် ဦးရေ ၅၀၊ ပိတောက်မြိုင်ဈေးတွင် ဦးရေ ၆၀ နှင့် သစ်ရာမြိုင်ဈေးတွင် ဦးရေ ၁၅၀ အား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် RDT Test Kit ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးထွန်းလင်းဇော်ထံမှ သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)