ကျွန်းလှမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့ပြသ

ကျွန်းလှ ဖေဖေါ်ဝါရီ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်‌ဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး အသုံးပြုနည်း၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့ ပြသ၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

     

အဆိုပါ မီးငြှိမ်းသတ်နည်း လက်တွေ့ပြသခြင်းသို့ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီများ၊ ဈေးသူ ဈေးသားများ၊ ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)

 

 

ဖုန်း09256063006