ကျွန်းလှ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြုလုပ်သည့် ဆပ်ပြာရည်၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့တွင် တပ်ကုန်းကျေးရွာ၌ ကျင်းပသည်။
ဦးစွာ ကန့်ဘလူခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာအား လက်ဆောင်ပစ္စည်း ပေးအပ်သည်။ သင်တန်းတွင် ဆုရရှိသည့် သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများအား ကာလလွန်ပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးကျော် (ပုံတောင်မြေ)


