ကျွန်းလှ ဇွန် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း(VDP) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အင်းဂေါင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇွန် ၈ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။ 

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်၊ ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းနှင့် ဝန်ထမ်းများက အင်းဂေါင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၁၆၅ဝ၊ အကျယ် ၁၂ ပေ၊ ဒုခြောက်လက်မ ဂျင်းခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးသည်။

 

အဆိုပါ အင်းဂေါင်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးကျော်(ပုံတောင်မြေ)