ကျွန်းလှမြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်

ကျွန်းလှ ဧပြီ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြှုဟိုဌာန၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဖိုးချိုက နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံ အင်္ဂလိပ်စာ အရေးအဖတ် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား ၉ ဦး၊ သင်တန်းသူ ၁၃ ဦး၊ စုစုပေါင်း ၂၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက် ၂၀ ကြာသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သု့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်လူရွယ် များ၊ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Talk Show၊ စာဖတ်ဝိုင်းနှင့် ပြပွဲ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)