ကျွန်းလှမြို့နယ်၌ ဖိနပ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ကျွန်းလှ မေ ၁၉

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖိနပ်ချုပ်သင်တန်း(ပထမအကြိမ်) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျွန်းလှမြို့နယ် ဇီးတောကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိဏ်းမောင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် ပညာရပ်များကို မြေပြင်တွင် လက်တွေ့အသုံးချစေလိုကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။

ထို့နောက် ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိဏ်းမောင်နှင့် သင်တန်းနည်းပြဆရာမများက သင်တန်းသား၊ သင်တန်းသူများ၏ တစ်ဦးချင်းစီချုပ်လုပ်ထားသော ဖိနပ်တစ်ရံစီလက်ဆောင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

အဆိုပါသင်တန်းသို့ သင်တန်းသား ကိုးဦးနှင့် သင်တန်းသူ ၁၁ ဦး၊ စုစုပေါင်းဦးရေ ၂၀ တက်ရောက်ခဲ့ကြပြီး သင်တန်းချိန်တွင် ဖိနပ်ချုပ်နည်းအမျိုးမျိုးကို သင်တန်းကာလ ၁၀ ရက်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)