ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးပစ္စည်းစာရင်းပြုစုဖို့ ပြည်ထောင်စုဝန်ကြီးပြော

နေပြည်တော် ၁ နိုဝင်ဘာ

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသရေးလုပ်ငန်းတွေရဲ့ ပစ္စည်းအရည်အသွေးသတ်မှတ်ချက် အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံဆေးနဲ့ ဆေးပစ္စည်းတွေကို စာရင်းပြုစုကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဆေးသိုလှောင်ဖြန့်ဖြူးခြင်းနဲ့ ပတ်သက်တဲ့ ကွန်ပျူတာနဲ့ ဆော့ဖ်ဝဲလ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဆေးရုံတွေမှာ ထောက်ပံ့ထားပြီးဖြစ်လို့ System ကို အမြဲ Update ဖြစ်စေဖို့ ဆောင်ရွက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတွေနဲ့  ချိတ်ဆက် ဆောင်ရွက်ကြဖို့လည်း ပြည်ထောင်စုဝန်ကြီးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ဝယ်ယူမယ့် စက်ပစ္စည်းတွေ၊ ဆေးနဲ့ ဆေးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာသတ်မှတ်ချက်တွေ တင်ပြတဲ့ အစည်းအဝေးမှာ ပြောခဲ့တာပါ။

စက်ပစ္စည်းများတွေ ဆေးနဲ့ ဆေးပစ္စည်းတွေ ဝယ်ယူရာမှာ မိမိတို့ နိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံမဟုတ်လို့  နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိစေဖို့  အမှန်တကယ် ဝယ်သင့်၊ မဝယ်သင့် သေချာစွာစိစစ်ပြီး ဝယ်ယူကြဖို့နဲ့ မဝယ်သင့်ပါက အဆိုပါကုန်ကျငွေကို အခြားလိုအပ်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများအတွက် အကျိုးရှိစွာ အသုံးပြုဖို့ လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

MDN