ကြည့်မြင်တိုင်မြို့နယ်၌ ၂၄ ဘီးယာဉ် ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်

နေပြည်တော် ၂၃ မတ်


ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကမ်းနားလမ်း၌ ယမန်နေ့ ည ၆ နာရီ မိနစ် ၅၀ခန့်က မော်တော်ယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ အလုံမြို့နယ်ဘက်မှ ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ အေးရွာရပ်ကွက်နေ ဦးလှမျိုးအောင် (၄၅)နှစ် မောင်းနှင်သော ၂၄ ဘီးယာဉ်သည် သော့ဖွင့်၍ ရပ်တန့်ထားစဉ် ဝိုင်ယာရှော့ဖြစ်ပြီး ယာဉ်ခေါင်းပိုင်း မီးလောင်ဆုံးရှုံးခဲ့သည်။

 

ထို့ကြောင့် ဦးလှမျိုးအောင်အား ကြည့်မြင်တိုင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထား ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN