ကွန်ဖူးမယ်သီလရှင်တွေရဲ့ ပုံစံခွက်တော်လှန်ရေး

၂၉ နိုဝင်ဘာ

 

ဟိမဝန္တာတောင်တန်းမှာ သီတင်းသုံးနေတဲ့ မယ်သီလရှင်တွေဟာ မနက်ပိုင်း ဝတ်ပြုအပြီးနဲ့ တရားရွတ်ပြီးချိန်တွေမှာ  ဓါးရှည် နဲ့ တိုက်ခိုက်ရေးသုံး ယပ်တောင်တွေကိုအသုံးပြုပြီး ကွန်ဖူးလေ့ကျင့်နေတာကို တွေ့ရပါတယ်။

 

အဲဒီဒေသဟာ အမျိုးသားလွှမ်းမိုးတဲ့ လူ့အသိုင်းဝိုင်းဖြစ်တဲ့အတွက်  အမျိုးသမီးတွေပေါ်ထားရှိတဲ့ ပုံစံခွက်ထဲက သတ်မှတ်ချက်တွေအပေါ် စိန်ခေါ်တဲ့အနေနဲ့ မယ်သီလရှင်တွေက သူတို့ရဲ့ ကွန်ဖူးလေ့ကျင့်ခန်းကို ကိုယ်ခံအနုပညာတစ်ရပ်အနေနဲ့ အသုံးပြုနေတာ ဖြစ်ပါတယ်။

 

4

 

ဘယ်ဘာသာတရားမှ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်လို့ မပြောဘူး။ လူ့အသိုင်းဝိုင်းမှာ တစ်ဖက်က တစ်ဖက်ကို နိမ့်ကျတယ်လို့ အထင်သေးနေရင် ဟာမိုနီမဖြစ်တော့တဲ့အတွက် အခုလို ပုံစံခွက်အတွေးကို ဖောက်ထွက်တာဖြစ်တယ်လို့ ကွန်ဖူးလေ့ကျင့်နေတဲ့ မယ်သီလရှင်တွေက ပြောပါတယ်။

 

ကွန်ဖူးလေ့ကျင့်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဂျီးမီ နော့ချော့ လာမိုက “ဟိမဝန္တာမှာ နေထိုင်တဲ့ အမျိုးသမီးတွေမှာ ဘယ်တုန်းကမှ တန်းတူညီမျှတဲ့ အခွင့်အရေးမရခဲ့သလို တူညီစွာဆက်ဆံမခံခဲ့ရဘူး။ ဒီအတွက် အမျိုးသမီးတွေကို တွန်းအားပေးတဲ့အနေ ဂျင်ဒါအခွင့်အရေး တူညီစွာရရှိစေရန် စိတ်ရောကိုယ်ပါ ကြံ့ခိုင်ခဲ့မယ်ဆိုရင် ပိုပြီး ယုံကြည်ချက်ရှိလာမှာဖြစ်ပါတယ်။ ကွန်ဖူးကစားတာကို ဥပမာအနေနဲ့ လုပ်ဆောင်တာ သာဖြစ်ပါတယ် ”လို့ ပြောပါတယ်။

 

5

 

မယ်သီလရှင်တွေဟာ နီပေါနိုင်ငံ ဒတ်ခ် အေမီတာဘာ သီလရှင်ကျောင်းမှဖြစ်ပြီး အဲဒီသီလရှင်ကျောင်းဟာ တိဘက်ဗုဒ္ဓဘာသာရဲ့ ဒတ်ခ်ပါ ကျောင်းတော်ကြီး အပိုင်ဖြစ်ပါတယ်။

 

ဒီမယ်သီလရှင်တွေက ဟိမဝန္တာတောင်တန်းတဝိုက်၊ အိန္ဒိယ၊ နီပေါ နိုင်ငံတွေမှာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့လေ့ကျင့်ခန်းတွေ အမျိုးသမီးငယ်တွေအား သင်ကြားပေးခြင်း၊ မြို့ရွာတွေမှာ သန့်ရှင်းရေးလုပ်ဆောင်ပေးခြင်း၊ တိရိစ္ဆာန်တွေကို ကယ်ဆယ်ခြင်း၊ ဟိမဝန္တာရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းတွေ အပါအဝင် လူကုန်ကူးမှုကို တိုက်ဖျက်ရေးရန်အတွက် ရန်ပုံငွေစုဆောင်းခြင်းတွေပါ လုပ်ဆောင်ကြောင်း သိရပါတယ်။ 

 

8

 

MDN

ကိုးကား - AFP