ကွန်ပျူတာစနစ် ပျက်ယွင်းမှုကြောင့် အမေရိကန်ရှိလေဆိပ်များတွင် ခရီးကြန့်ကြာမှုများ ဖြစ်ပေါ်

၁၇ ဩဂုတ်

အကောက်ခွန်နှင့် နယ်စပ်ရေးရာဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ၏ ကွန်ပျူတာစနစ် ပျက်ယွင်းမှုကြောင့် အမေရိကန်ပြည်ထောင်စုရှိ လေဆိပ်များတွင် ခရီးသည် ထောင်ပေါင်းများစွာသည် ခရီးကြန့်ကြာမှုများကို ရင်ဆိုင်ခဲ့ရကြောင်း အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

ကွန်ပျူတာစနစ်ပြန်လည်ရရှိပြီဖြစ်ကြောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြေားကြားထားသည်ကိုလည်း တွေ့ရသည်။ ကွန်ပျူတာစနစ် ယာယီပြတ်တောက်မှုသည် အမေရိကန်ပြည်ထောင်စုမှ လေဆိပ်အများအပြားကို သက်ရောက်မှုရှိခဲ့ကြောင်း အေဂျင်စီမှ ယမန်နေ့ နေ့လယ်ပိုင်း ပြောကြားခဲ့သည်။

အဆိုပါ လေဆိပ်များမှ နယူးယောက်နှင့် လော့စ်အိန်ဂျလိစ်ရှိ လေဆိပ်များမှ တာဝန်ရှိသူများသည် ခရီးသည်များ စစ်ဆေးရာတွင် လူကိုယ်တိုင် စစ်ဆေးခဲ့ကြောင်း သိရသည်။ အကောက်ခွန်နှင့် နယ်စပ်ရေးရာဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးမှ အဆိုပါဖြစ်ရပ်ကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ပြောခဲ့သည်။ 

ရိုက်တာသတင်းဌာန၏ ပြောကြားချက်အရ အေဂျင်စီအနေနှင့် နေ့စဉ် ခရီးသည် သုံးသိန်းခွဲကျော်ကို အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်