ကွန်ပြူတာဂိမ်းကစားသူတွေဟာ သန်းကြွယ်သူဌေးဖြစ်နိုင်ပေမယ့် ကျန်းမာရေးမှာတော့ စိုးရိမ်စရာဖြစ်နေ

၂၁ သြဂုတ်

ကွန်ပြူတာဂိမ်းကစားသူ (eSports players) တွေအတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပမယ့် နိုင်ငံတကာ ၂၀၁၉  (The Interanational 2019) ပွဲစဉ်မှာ ဆုကြေးငွေဟာ အမေရိကန် ဒေါ်လာ ၃၃.၅ သန်းအထိ ရှိနေတဲ့အတွက် ရှိနေပါတယ်။ ဒီပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အများစုဟာ ဆယ်ကျော်သက်ရွယ်များသာ ဖြစ်နေပါတယ်။ 

 

258

 

ပြိုင်ပွဲဝင်တွေဟာ လေ့ကျင်းရင်း မျက်စိအမြင်အာရုံ၊ အစာအိမ်နာခြင်း၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေ ဒဏ်ရာရခြင်း စတာတွေခံစားနိုင်ရပါတယ်။ TI ၂၀၁၉ ပြိုင်ပွဲမှာ  Natus Vincere (NAVI) အသင်းကနေ ဝင်ရောက် ကစားမယ့် အသက် ၂၄ နှစ်အရွယ် ရီဟာ အမြင်အာရုံပျက်လာတဲ့ အတွက် ဆရာဝန်က ၆ လတိတိ အနားယူဖို့ ပြောနေပါတယ်။ 

 

4

 

ပြိုင်ပွဲဝင်ဖို့ အတွက် NAVI အသင်းက ကစားသမား ရီဟာ တစ်နေ့ကို ၁၂ နာရီနီးပါး လေ့ကျင့်ခဲ့ကြောင်း ကွန်ပြူတာ ဂိမ်းကို ကစားလာတာ ၁၀ နှစ် ရှိပြီဖြစ်တဲ့အတွက် အမြင်အာရုံဟာ မကောင်းတော့ကြောင်း ၊ ဆရာဝန်က ကွန်ပြူတာကို ၆ လလောက်မသုံးဘဲနေရန် ပြောပေမယ့် ကစားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

NAVI အသင်းနဲ့ တခြားအသင်း ၁၇ သင်းဟာ ရှန်ဟိုင်းက Dota2 TI ပွဲကို ပြိုင်ပွဲတွင်းရှိ ထောင်ချီပရိတ်သတ်နဲ့ သန်းချီတဲ့ အွန်လိုင်းကနေ ကြည့်မယ့် ပရိတ်သတ်တွေ ကြားမှာ သြဂုတ် ၂၀ - ၂၅ ရက်အတွင်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။  

MDN
ကိုးကား - AFP