ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ပထမအကြိမ် သုတေသနဂျာနယ်ထုတ်ဝေခြင်းနှင့် PRODUCT SHOW ကျင်းပ

လွိုင်ကော် ၂၈ ဒီဇင်ဘာ

 

ကယားပြည်နယ် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပထမအကြိမ် သုတေသနဂျာနယ်ထုတ်ဝေခြင်းနှင့် Product Show အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ဒုတိယဥက္ကဌ ဦးတင်မြင့် စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

 

 

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မြင့်အေး မှ ကွန်ပျူတာပညာရပ်များ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) ဆိုင်ရာ ပညာရပ်များ ဖြန့်ဖြူးရန်၊ ကွန်ပျူတာပညာအသုံးပြု၍(ICT)နှင့် ပတ်သက်သော သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် (ICT) ပညာရပ်ဖြင့် အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာကြီး၏ ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် စဉ်ဆက်မပြတ်ပါဝင်ရန် ရည်ရွယ်၍ ပြပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်အကြီးအကဲများတို့က ကျောင်းသား ကျောင်းသူများ၏ Product showနှင့် Poster show ပြထားခြင်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)