ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ထားဝယ်        မေ       ၁၂

 

ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)၊ ပညာရေးဒီဂရီ ကောလိပ်များကို မေ ၁၂ ရက် နံနက်ပိုင်းက တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။

 

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာသင်တန်း(ပ) ၁၅ ဦး၊ ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာသင်တန်း(ဒု) ၈၇ ဦး၊ ဒုတိယနှစ် ကွန်ပျူတာသိပ္ပံသင်တန်း ၄၈ ဦး၊ ဒုတိယနှစ် နည်းပညာသင်တန်း ၂၅ ဦး၊  တတိယနှစ် ကွန်ပျူတာသိပ္ပံသင်တန်း ၄၆ ဦး၊ တတိယနှစ် ကွန်ပျူတာနည်းပညာသင်တန်း ၁၇ ဦး၊ ပဥ္စမနှစ် ကွန်ပျူတာသိပ္ပံသင်တန်း ၄၉ ဦး၊ ပဥ္စမနှစ်ကွန်ပျူတာ နည်းပညာသင်တန်း ရှစ်ဦးရှိကြောင်း သိရပြီး ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်(ဒုတိယ နှစ်ဝက်) ကျောင်းသား ကျောင်းသူစာရင်းရှိ ၁၄၁ ဦး၊ ကျောင်းအိပ်ကျောင်းတက် ၁၆ ဦးနှင့် ပထမနှစ်(ပထမနှစ်ဝက်) ၂၀၂၀ ပြည့်နှစ် အောင် စာရင်းရှိ ၁၄၀၊ ကျောင်းအိပ်ကျောင်းတက် ၄၃ ဦးရှိကြောင်း သိရသည်။

 

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ်နှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများက ကြိုဆိုနူတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများက သင်ကြားမည့် ဘာသာရပ်အလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)