ကံသုံးပါးလည်း လုံပါစေ

အိုဘယ့်လူသား…
သင့်ကားနှုတ်ချို ကောင်းခြင်းလို၍
ဟိုဒီဆောင်လုပ် စွမ်းအားထုတ်လျက်
မယုတ်စေမူ များကြည်ဖြူအောင်
ညီတူဆန္ဒ မရှိထဘဲ
အတ္တရှေ့တင် ကိုယ်ကျိုးမြင်၍
မပြုနှင့်။


အိုဘယ့်လူသား…
ခုများသင့်မှာ များတကာ၏
နှစ်ဖြာကောင်းကျိုး ပျက်ပြယ်ရိုးနှင့်
ခနိုးခနဲ့ ဆိုကဲ့ရဲ့လျက်
မဲ့ရွဲ့စောင်းမြောင်း မကောင်းစိတ်ယုတ်
ခွန်းချိုနှုတ်ဖြင့် မဟုတ်တာလည်း
မပြောနှင့်။


အိုဘယ့်လူသား…
သင့်ကားဟန်ဆောင်၊ သူတော်ယောင်နှင့်
ဟောင်ဖွာစိတ်ဓာတ် ပရိသတ်၌
မြင့်မြတ်သည့်သွင် ဟန်ရေးဆင်လျက်
အပြင်လှပြီး ကျီးအာသီးသို့
ပျက်စီးပုပ်ပွ ကိုယ့်တွက်ရဖို့
မကြံနှင့်။


ကိုရင်ဩ(တန့်ဆည်)