ကျွန်တော် အရင်ထက်ပိုပြီး ကြိုးစားရတော့မယ်။ ပိုပြီးတော့ သေသေချာချာလုပ်ဖို့လိုတယ် ဆိုတဲ့ ခံစားချက်ကိုရပါတယ်။ (ဒါရိုက်တာ သြရသ-အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာထူးချွန်ဆု)

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားတွင် ထူးချွန်ဆု ရရှိခဲ့သူများ၏ ပီတိစကားသံ

 

ကျေနပ်ပါတယ်။ “မုန်းစွဲ”ကားမှာ မရခဲ့တဲ့ သူတွေအတွက်လည်း စိတ်မကောင်းပါဘူး။ “မုန်းစွဲ” ကားကြီး တကယ်ကောင်းမွန်ပြီးတော့ ကျွန်တော် အခုလို ဆုရတယ်ဆိုတာ ပါဝင်တဲ့သူ အသီးသီးက တာဝန်ကျေပွန်စွာပါဝင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ လောလောဆယ် ခံစားမိတဲ့ခံစားချက်ကတော့ ကျွန်တော် အရင်ထက်ပိုပြီး ကြိုးစားရတော့မယ်။ ပိုပြီးတော့ သေသေချာချာလုပ်ဖို့လိုတယ် ဆိုတဲ့ ခံစားချက်ကိုရပါတယ်။ ရှေ့ဆက်ရိုက်သွားမယ့် ဇာတ်ကားတွေလည်း ရှိပါတယ်။ ဒီထက်ပိုပြီးတော့ ကောင်းအောင် ကြိုးစားသွားပါ့မယ်။ ဘယ်လိုဇာတ်လမ်း အမျိုးအစားကို ဖန်တီးပါစေ အနုပညာ ရသမြောက်အောင် ကြိုးစားသွားမှာပါ။

တွေ့ဆုံမေးမြန်း-ဇော်ကြီး(ပဏီတ)

ဓာတ်ပုံ-ဖေဇော်