ကျွန်တော်နဲ့ ဖောက်ထွက်စဉ်းစားခြင်း

ပါမောက္ခ၊ ဒေါက်တာအောင်ထွန်းသက်

 

လူတိုင်း-မိမိရင်းနှီးတဲ့၊ မိမိစိတ်ချတဲ့ အတွေးအမြင်အယူအဆတွေကို ကျေနပ်ကြတယ်။ လက်ခံကြတယ်။ ဆုပ်ကိုင်လိုကြတယ်။ မှန်တယ်လို့ မြင်တယ်။ ဘောင်ထဲကထွက်ဖို့ ဝန်လေးကြတယ်။ အသစ် အဆန်းကို ကြောက်ရွံ့တယ်။ မယဉ်ပါးတာကို ရှောင်ချင်တယ်။ ဒါတွေက ထုံးစံလိုဖြစ်နေတာ။ နေရာတိုင်းမှာ တွေ့ရတယ်။ အတိတ်ကိုသာ စိတ်ချပြီး အနာဂတ်ကို ရင်မဆိုင်ရဲကြဘူး။ ဒီအမြင် ဒီ အတွေးတွေကလည်း ပြင်ဖို့ကခက်တယ်။ လူသားတွေအတွက် လုံခြုံမှုဟာ အရေးပါတဲ့ကိစ္စတစ်ခုသာ ဖြစ်တာ။ နားလည်ဖို့လိုတယ်။ ဒါပေမယ့် ဒီအတိုင်းသာလက်ခံရင် တိုးတက်မှုရှိနိုင်မှာ မဟုတ်ဘူး။ တစ်ချိန်က စကြာဝဠာကို သုံးသပ်ရာမှာ က္ဘာကြီးက အလယ်ဗဟိုမှာရှိပြီး ကျန်တဲ့ ဂြိုဟ်တွေက ဝန်းရံကြတယ်လို့ မြင်ကြတယ်။ ဒီအယူအဆဟာ မှားယွင်းနေတာကို ထောက်ပြခဲ့တဲ့ သိပ္ပံပညာရှင်ကြီးကို မီးရှို့ ပြီး သုတ်သင်ခဲ့တဲ့ သာဓကရှိခဲ့တယ်။ အများလက်ခံတာကို ထောက်ခံရင် အ္တရာယ်မရှိဘဲ ဖောက်ထွက်ပြီး စဉ်းစားရင် အ္တရာယ်ကြီးတယ်ဆိုတဲ့ ဥပမာတစ်ခုသာ ဖြစ်ပါတယ်။

 

ဖောက်ထွက်စဉ်းစားဖို့လိုနေတဲ့ နိုင်ငံစီးပွားရေး

ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို သုံးသပ် ရင် ဖောက်ထွက်စဉ်းစားဖို့ လိုအပ်နေတာမြင်ရတယ်။ ပစ္စုပ္ပန် အခြေအနေဟာ မနေ့တစ်နေ့က ပေါ်လာတဲ့ကိစ္စမဟုတ်ဘဲ နှစ်ပေါင်းများစွာက ကြုံကြိုက်ခဲ့ရတဲ့ အကြောင်းတွေကြောင့် သာဖြစ်တယ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့ အသုံးအနှုန်းကို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ သုံးစွဲလာခဲ့တာဖြစ်တယ်။ အခု အချိန်အထိလည်း သုံးနေတာတွေ့ရတယ်။ ဈေးကွက်စီးပွား ရေးလို့ပြောရင် ပုဂ္ဂလိက ကဏ္ဍနဲ့နိုင်ငံတော်ကဏ္ဍတို့ရဲ့ အချိုး အစားကို သုံးသပ်ရမှာဖြစ်တယ်။ အခြေခံကတော့ ဈေးကွက် အပေါ် ယုံကြည်စိတ်ချမှုဖြစ်တယ်။ အားကိုးမှုဖြစ်တယ်။ ဈေးကွက်လို့ ပြောတဲ့နေရာမှာလည်း အခြေခံကတော့ ရောင်း သူ၊ ဝယ်သူတို့ရဲ့ အားပြိုင်မှုသာဖြစ်တယ်။ ဒါကြောင့်လည်း “ မမြင်နိုင်တဲ့ လက်များ” လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့တယ်။ ဈေးကွက်ယ္တရားကို အားကိုးရမှာ။ ဈေးကွက်စီးပွားရေးစနစ် ရှင်သန်အောင်မြင်ဖို့ ပုဂ္ဂလိက ကဏ္ဍကို ကြီးထွားအောင်ကြိုး စားရမှာ ဖြစ်တယ်။ ဒီနေရာမှာ ပုဂ္ဂလိက ကဏ္ဍအပေါ် ရှုမြင် သုံးသပ်ပုံကို သတိပြုဖို့လိုအပ်ပါတယ်။

 

နိုင်ငံရေးဘောဂဗေဒရှုထောင့်နဲ့ ကြည့်ရမှာဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲဟာ နိုင်ငံရေးတောင်းဆိုမှုကို အခြေခံ ခဲ့ပေမယ့် တစ်ဖက်က ကိုလိုနီစီးပွားရေးစနစ်ကို တော်လှန်မှု လည်း ဖြစ်တယ်။ နိုင်ငံရဲ့စီးပွားရေးဟာ နိုင်ငံခြားသားတွေရဲ့ လက်ထဲမှာရှိနေပြီး အနောက်နိုင်ငံ အထူးသဖြင့် အင်္ဂလိပ် ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားသလို တရုတ်နိုင်ငံသား တွေ၊ အိန ́ိယနိုင်ငံသားတွေကလည်း စီးပွားရေးနယ်ပယ်မှာ ကြီးစိုးခဲ့တယ်။ မြန်မာတိုင်းရင်းသားအရင်းရှင်များ အနည်းစု သာရှိခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးအာဏာသာမက စီးပွားရေး ဘဝကို တိုင်းရင်းသားလက်ထဲ ပြန်ရောက်လိုတဲ့ဆန ́နဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြတယ်။လက်ဝဲအယူအဆကို လက်ကိုင်ထားပြီး ဆိုရှယ်လစ် အတွေးအမြင်တွေကို နှစ်သက်ကြတယ်။ နိုင်ငံရေးအာဏာ သာမက စီးပွားရေးဘဝကိုပါ ချုပ်ကိုင်လိုချင်တဲ့ ဆန ́ရှိခဲ့တယ်။ လွတ်လပ်ရေးရပြီးချိန်ကစပြီး ဆယ်နှစ်အတွင်း တစ်ဖက်က စီးပွားရေးကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုခဲ့ပေမယ့် အစိုးရအနေနဲ့ အချက်အချာကျတဲ့ နယ်ပယ်တွေမှာ စီးပွား ရေးလုပ်ငန်းတွေကို ပါဝင်လှုပ်ရှားခဲ့ကြတယ်။

 

ပြည်သူမပိုင်သော ပြည်သူပိုင် စီးပွားရေးများ

၁၉၆၂ ခုနှစ် နောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးချိန်ကစပြီး ပုဂ္ဂလိက ကဏ္ဍကို တိုက်ခိုက်ခဲ့တယ်။ ပြည်သူပိုင်သိမ်းတဲ့အစီအစဉ်ကို စနစ်တကျအကောင်အထည် ဖော်ခဲ့တယ်။ နိုင်ငံခြားသားပိုင်တဲ့ ကုမ္ပဏီတွေကို ပြည်သူပိုင် သိမ်းတယ်လို့ ပြောရင် ငြင်းမယ့်သူ မရှိဘူး။ အားလုံးက ကြိုဆိုကြတယ်။ နိုင်ငံသားပိုင်လုပ်ငန်းတွေကိုလည်း အခုလို ပဲ ပြည်သူပိုင်သိမ်းခဲ့ပြန်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပြည်သူတွေ မပိုင်ခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကို အုပ်ချုပ် ရေး ပုံစံနဲ့ ဆောင်ရွက်ခဲ့တာကြောင့် အားလုံးအရှုံးပေါ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က ကိုယ်တွေ့အတွေ့အကြုံ ရှိခဲ့တယ်။ ကျွန်တော့်ဖခင်ဟာ တပ်မတော်က အငြိမ်းစားယူပြီး အစ်ကိုဖြစ်သူပိုင်တဲ့ ထီးစက်ရုံတစ်ခုမှာ တာဝန်ယူခဲ့တယ်

ထီးတွေထုတ်တဲ့ အပြင် ထီးရိုးတွေကိုလည်း ထုတ်လုပ်ခဲ့တယ်။ စက်ရုံက တောင်ဥက္ကလာပမှာ။ ကျွန်တော့် ဖခင်နဲ့ မိခင်က ဒီစက်ရုံမှာတာဝန်ယူပြီး ကျွန်တော်တတိယနှစ်ရောက်တဲ့အချိန် မှာ အချိန်ပိုင်းအလုပ်ဝင် လုပ်ခဲ့တယ်။ ဒီစက်ရုံကို ပြည်သူပိုင် သိမ်းပြီး လမ်းစဉ်ပါတီက ကေဒါတွေကို အုပ်ချုပ်စေခဲ့တယ်။ ပါတီကေဒါတွေက စီးပွားရေးနဲ့ပတ်သက်ပြီး တစ်လုံးမှ နားမလည်ပေမယ့် ဆိုရှယ်လစ်သဘောတရားကို မတောက် တခေါက် အသံကုန်ဟစ်ခဲ့တယ်။ အလုပ်သမားတွေကို မြှောက်ပေးခဲ့တယ်။ အင်မတန်မှ အောင်မြင်ခဲ့တဲ့လုပ်ငန်း တစ်ခုဟာ မကြာခင်ကာလမှာ အရှုံးပေါ်ခဲ့တယ်။ ဝန်ထမ်းတွေကို လုပ်ခလစာပေးနိုင်အောင် အနိုင်နိုင်ကြိုးစားခဲ့ရတယ်။ အခုလိုပဲ စက်ရုံ၊ အလုပ်ရုံတွေတိုင်းမှာ ခံစားခဲ့ရတယ်။ အကျိုးဆက်တစ်ခု ကတော့ မှောင်ခိုစီးပွားရေးစနစ်ကြီးထွားမှုဖြစ်တယ်။ မှောင်ခို စီးပွားရေးစနစ်ကို အားကိုးပြီး ရှင်သန်ခဲ့ကြရတယ်။ ဒီဖြစ်ရပ် တွေဟာ ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ် ကျင့်သုံးတဲ့နိုင်ငံတိုင်းမှာ ကြုံတွေ့ရတဲ့ ဒုက္ခဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း အကြီးအကျယ် ကြုံခဲ့ရတယ်။ ဈေးကွက်ယ္တရားပျက်စီးတိုင်း အခုလိုပဲဖြစ်မှာ

 

သူ့နေရာနဲ့သူ၊ သူ့ကျွမ်းကျင်မှုနဲ့

သူစီးပွားရေးလောကမှာ အစိုးရက ပါဝင်လှုပ်ရှားရမယ်ဆိုတဲ့ အတွေးကအရိုးစွဲလာခဲ့တယ်။ အမှန်တော့ သူ့နေရာနဲ့သူ၊ သူ့ ကျွမ်းကျင်မှုနဲ့ သူ ဟန်ချက်ညီညီလှုပ်ရှားဖို့ လိုအပ်တယ်။ အစိုးရ ဟာ အုပ်ချုပ်ရေးအာဏာရှိတဲ့ အဖွဲ့အစည်း၊ တရားဥပဒေစိုးမိုး ရေး ဥပဒေကို စနစ်တကျ ကြီးကြပ်ကာကွယ်ဖို့ လိုအပ်တာ။ ပိုင်ဆိုင်မှုကို အာမခံဖို့ လိုအပ်တယ်။ ဒါကြောင့် ပြည်သူပိုင်သိမ်း မှုဟာ အခြေခံအတွေးမှား တွေ ဖြစ်တယ်။ ငွေစက္ကူတွေကိုလည်း ဖျက်သိမ်းပစ်ခဲ့ပြန်တယ်။ ယုံကြည်မှုတွေကို ရိုက်ချိုးလိုက်ခြင်း ဖြစ်တယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ရဲ့ ဒဏ်ကို ပြည်သူတိုင်း အလူးအလဲခံခဲ့ရတယ်။ ၂၅ နှစ်ကျော်အတွင်း အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ခဲ့တယ်။ လွတ်လပ်ရေးရပြီး ကာလစီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ အောင်မြင်မှုရခဲ့တဲ့ နိုင်ငံဟာ အဆိုးဆုံးအခြေအနေကို ဆိုက်ရောက်ခဲ့တယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် ဖော် ဆောင်ခဲ့ပေမယ့် စစ်မှန်တဲ့ စနစ်တစ်ရပ်ကို မဖန်တီးနိုင်ခဲ့ဘူး။ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံတစ်ခုက ယှဉ်ပြိုင်မှု၊ ပြိုင်ဆိုင် မှုဖြစ်တယ်။ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း “မြေညီကွင်း” ဖြစ်ဖို့ လိုတယ်။ မျက်နှာလိုက်လို့ မဖြစ်ဘူး။ လက်တွေ့မှာတော့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို (ပါမစ်) လုပ်ခွင့်တွေ ပေးခဲ့တယ်။ အဆက်အသွယ်ဟာ ပဓာနယန္တရား ဖြစ်ခဲ့တယ်။ တစ်ဖက်ကလည်း နိုင်ငံတော်က စီးပွားရေးလုပ်ငန်းတွေမှာ တက်တတ်ကြွကြွ လှုပ်ရှားခဲ့တယ်။ စက်ရုံကြီးတွေ၊ လုပ်ငန်းကြီး တွေလုပ်ခဲ့တယ်။ ဘဏ်တွေ ဖွင့်ခဲ့တယ်။ ဈေးကွက်စီးပွားရေး စနစ်လို့ ြွေကးကြော်နေပေမယ့် အစိုးရက စီးပွားရေးလုပ်ငန်း တွေမှာ အကြီးအကျယ် ဆောင်ရွက်ခဲ့တယ်။

အခြေခံတွေက မှားခဲ့တာ။ အဆိုးဆုံးကတော့ (rentseeking)အပြုအမူပဲဖြစ်တယ်။ ကျွန်တော့်ကိုယ်တွေ့ မြန်မာပြည် ပြန်ရောက်တဲ့အခါ ဆူဇူကီးကားတစ်စီး ဝယ်ခဲ့တယ်။ ဝယ်ဈေးက သိန်း ၆၅၀။ ဒီကားကို ပါမစ်ရရင် သိန်း ၁၅၀ လောက် ပဲကျတာ။ ပါမစ်ရသူတွေက ရောင်းစားတာမို့ ကားရဲ့တန်ဖိုးတွေက အခုလို ဖြစ်သွားတယ်။ ကိုယ့်မှာ ပါမစ်ရမယ့် အခြေအနေ မရှိတာက ကိုယ့်ဒုက္ခပေါ့။ လက်ကိုင်ဖုန်းအတွက် Sim Card ဝယ်တော့လည်း အခုလိုပဲ ခံရပြန်တယ်။ ကျပ် ၂၅ သိန်းပေးပြီး ဝယ်ခဲ့ရတာ။ အာဏာရှိသူ၊ အဆက်အသွယ်ရှိသူတွေအတွက် တော့ အခွင့်အရေးတစ်ရပ်ပဲ။

 

ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးတိုးတက်ဖို့ လိုအပ်

ဒါတွေကို ၂၀၁၀ နောက်ပိုင်းမှာ ဖြေလျှော့ခဲ့တယ်။ ကား ဈေးတွေ၊ ဖုန်းဈေးတွေက တစ်ဟုန်ထိုး ကျသွားခဲ့တယ်။ ၂၀၁၅ နောက်ပိုင်းမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှုကို အာရုံစိုက်နေတာ တွေ့ရတယ်။ ဒါပေမယ့် ပုဂ္ဂလိကကဏ္ဍ တိုးတက် စေချင်ရင် (Business Friendly) စီးပွားရေးလုပ်ငန်းကို လွယ်လွယ်ကူကူ လုပ်နိုင်ဖို့လိုအပ်တယ်။ ဒါကြောင့် ပုံစံအမျိုးမျိုးနဲ့ ကြိုးစားနေတာ။ ဒါပေမယ့် ထင်သလောက်ဖြစ် မလာဘူး။ အကြောင်းအမျိုးမျိုးပြပြီး ခက်ခဲအောင် လုပ်နေ ကြတယ်။ ဥပဒေအကြောင်းပြချက်တွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ ဆင်ခြေပေးလျက်ရှိတယ်။ ကြိုးနီစနစ်ကလည်း ရှိဆဲပဲ။ ပုဂ္ဂလိကကဏ္ဍတိုးတက်ဖွံ့ ဖြိုးဖို့ အခွန်အကောက်ကိုလည်း ပြန်လည်သုံးသပ်ရမှာ ဖြစ်တယ်။

အမေရိကန်နိုင်ငံမှာ tax and spend ဆိုတဲ့ အယူအဆ ရှိတယ်။ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီက လက်ခံတဲ့အယူ အဆ။ အခွန်တွေကောက်ကာ ရတဲ့အခွန်ငွေတွေကို သုံးပြီး အများပြည်သူတွေရဲ့ လူမှုရေးစောင့်ရှောက်မှုအတွက် အသုံး ပြုလိုတဲ့ ဆန္ဒ။ ဒါပေမယ့် အခွန်များများ ကောက်ခံခဲ့ရင် လုပ်ချင်ကိုင်ချင်စိတ် လျော့သွားမှာကိုတော့ ထည့်မတွက် ကြဘူး။ အရေးကြီးတာက စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့ ဖြစ် တယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေ များလာအောင် မက်လုံးပေး ရမှာ ဖြစ်တယ်။

စီးပွားရေးလုပ်နေသူအပေါ်မှာလည်း အမြင်ကြည်လင်ဖို့ အရေးကြီးတယ်။ မဟာမိတ်အဖြစ် သတ်မှတ်ရမယ်။ တိုင်ပင်ဖို့ လိုအပ်တယ်။ နိုင်ငံအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ လူကြီးတွေအနေနဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ ကြုံတဲ့အခါတိုင်း အားပေးနေတာ။ စီးပွားရေးစနစ်ကို ရှင်သန်ဖို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အနေအထား ကိုလည်း ဖောက်ထွက်စဉ်းစားဖို့ လိုအပ်တယ်။ ဘာကြောင့် အစိုးရက စီးပွားရေးလုပ်ငန်းတွေ လုပ်ရသလဲ။ အတိတ်က အမွေတွေ ဆက်ခံနေတာကို ပြန်လည်စဉ်းစားဖို့ လိုအပ်တယ်။ လက်ရှိအခြေအနေမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအများစု ဟာ အရှုံးပေါ်နေတာ။ စီးပွားရေးကို အုပ်ချုပ်ရေးပုံစံနဲ့ ဆောင် ရွက်နေသရွေ့ အခုလိုဖြစ်နေမှာ သေချာတယ်။ အမိန့်နဲ့ စီးပွား ရေးလုပ်ဆောင်လို့ မရနိုင်ဘူး။ ဈေးကွက်က ပေးလာတဲ့ အချက်ပြမှုတွေကို အမြန်ဆုံးတုံ့ပြန်နိုင်ဖို့ လိုအပ်တယ်။ အထက်အာဏာပိုင်တွေကို သတင်းပို့ပြီး ခွင့်တောင်းနေဖို့ အချိန်မရှိဘူး။ အခြေခံစဉ်းစားချက်တွေကို ပြင်ဖို့ လိုအပ် တယ်။

 

 

ထိရောက်မှုကိုသာ ဦးစားပေး

အစိုးရဌာနတွေကို သုံးသပ်တဲ့အခါ ဥပဒေကို ကာကွယ် ထိန်းသိမ်းတဲ့တာဝန်နဲ့ စီးပွားရေးအကျိုးရှိအောင်လုပ်တဲ့ တာဝန် နှစ်ရပ်ရှိတယ်။ စီးပွားရေးလုပ်ရတဲ့ တာဝန်တွေကို မယူဘဲ ထိထိရောက်ရောက် လုပ်နိုင်အောင် ပုဂ္ဂလိကကဏ္ဍ ကို လွှဲပြောင်းဖို့ လိုအပ်တယ်။ ဒါကြောင့်လည်း ဖောက်ထွက် စဉ်းစားဖို့ လိုအပ်တယ်။ သံယောဇဉ်ကြီးနေလို့ မဖြစ်ဘူး။တစ်ချိန်က အများနဲ့ ဆိုင်တဲ့အလုပ်တွေ (Public good)ကို နိုင်ငံတော်ကသာ တာဝန်ယူရမယ်လို့ အယူအဆ ရှိကြတယ်။ အခုတော့ ထိထိရောက်ရောက်လုပ်နိုင်တဲ့ ကဏ္ဍ က တာဝန်ယူရမှာကို လက်ခံရမယ်။ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင် ရယ်လို့ မခွဲခြားတော့ဘဲ ထိရောက်မှုကိုသာ ဦးစားပေးဖို့ လိုအပ်တယ်။

ဖောက်ထွက်စဉ်းစားမှုဟာ အမှန်တော့ သတ္တိတစ်မျိုး။ ရဲရင့်ပြတ်သားဖို့ လိုအပ်တာ။ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲ ရေးမှာ အခြေခံကျတဲ့ မေးခွန်းတွေ မေးဖို့ လိုအပ်တယ်။ သမားရိုးကျအတွေးအခေါ်တွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့ မရနိုင် ဘူး။ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်အောင် အားမွေးရ မှာဖြစ်တယ်။ အထူးသဖြင့် အတွေးအခေါ်အယူအဆအသစ် တွေနဲ့ အစားထိုးသွားရမှာ ။ မြန်မာ့အလင်း