ကန်တီအား ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာရန်အေဒင်ဟာဇက်နဲ့ ကော်တိုရစ်တို့ ဆန္ဒရှိနေ

၁၇  စက်တင်ဘာ

ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီဟာ စပိန်မြေသို့ ပြောင်းရွှေ့ကစားမည်ဟု သတင်းများထွက်ပေါ် နေတာကြောင့် အေဒင်ဟာဇက်နဲ့ ကော်တိုရစ်တို့က ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

ချယ်လ်ဆီးအသင်းကစားသမားဟောင်း နှစ်ဦးဖြစ်တဲ့ ဟာဇက်နဲ့ကော်တိုရစ်တို့ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ကော်တိုရစ်ဟာ ၂၀၁၈ ခုနှစ်အတွင်းက ပေါင် ၃၈ သန်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဟာဇက်ဟာလည်း ယခုနှစ်အစောပိုင်းမှာ ပေါင်သန်း ၁၅၀ နဲ့ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါမှာ ချန်ပီယံဘာစီလိုနာအသင်းနဲ့ ၁၉ မှတ်အကွာမှာ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်မှာ အေဂျက်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ယခုနှစ်မှာ ဟာဇက်ကို ဈေးကြီးပေးပြီးဝယ်ခဲ့တာပါ။

၂၀၂၀ မှာလည်း ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့စီစဉ်နေပြီး ချယ်လ်ဆီးနည်းပြ လမ်းပတ်ကလည်း ကန်တီကိုရောင်းချဖို့အထိ စီစဉ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ကန်တီအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းလာဖို့ဟာဇက်နဲ့ကော်တိုရစ်တို့က ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ငွေကြယ်