ကွန်တိန်နာကား လမ်းချော် တိမ်းမှောက်စဉ် လူတစ်ဦးကားပိ၍ သေဆုံး

ကြို့ပင်ကောက် ၃  ဇူလိုင် 
    

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရန်ကုန်-ပြည်ကားလမ်း သာယာကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁၉/၁ နှင့် ၁၁၉/၂ အကြား ယာဉ်မတော်တဆမှုခဏခဏဖြစ်တတ်သောနေရာတွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ယာဉ်မောင်း ကိုနိုင်လင်းထွန်း ၂၂ နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 9p/---- MISUBISH FUSO CANTER FE84D VAN အမျိုးအစား ကွန်တိန်နာကား လမ်းချော်ကာ ယနေ့နံနက် ၇ နာရီခွဲ ခန့်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
    

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် လမ်းဘေးရှိ စက်ဘီးတစ်စီးနှင့် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာနေသူ ဦးဘကျော်မှာ ကားပိ၍ နေရာတွင် သေဆုံးသွားသည်။
    

ယာဉ်တိမ်းမှောက်မှုကြောင့် နိုင်လင်းထွန်းအား ကြို့ပင်ကောက်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)