KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၉

 KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဖြစ်စဉ်မှာ KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်အား ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် အဆိုပါဒေသအား တပ်မတော်စစ်ကြောင်းများက အဆင့်ဆင့်ပြန်လည်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ ယနေ့တွင် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထိုသို့ KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ကျေးရွာများအတွင်း ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ ယခုအခါ တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသတည်ငြိမ်း အေးချမ်းလျက်ရှိနေပြီဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာများဖြင့် ဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်