ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ ခြုံငုံသုံးသပ်ချက်

DMH-WRF Model ၏ ၂၀-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင် ပါသည်။ အဆိုပါ         လေဖိအားနည်းရပ်ဝန်းသည်       ပိုမိုအားကောင်းလာနိုင်ပြီး၊      ကနဦးတွင် မြောက်-အရှေ့မြောက်ဘက်သို့  ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ၊ ၂၇-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏   ၂၁-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ကနဦးတွင်                    မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီးနောက်  မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ၊ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည် ကို တွေ့ရှိရပါသည်။

 

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ ၂၀-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ                      မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက် ပြန်ကွေ့ကာ၊ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အိန္ဒိယနိုင်ငံ၊ Global Forecasting Model (GFS) Data ၏ ၂၀-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီ အချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ကနဦးတွင် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး နောက် မြောက်-အနောက်မြောက်ဘက် ပြန်ကွေ့ကာ၊ ၂၅-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

ယခုအချိန်တွင် လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်းမရှိသေးပါ၍ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

Crd> မိုး/ဇလ