ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁၈-၅-၂၀၂၄

===============

DMH-WRF Model ၏ ၁၇-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ကို အခြေခံ တွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေထုမငြိမ်မသက်မှုအခြေအနေစတင်ဖြစ်ပေါ်နိုင်ပြီး၊ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာနိုင်ပြီး၊ မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ၂၆-၅-၂၀၂၄ ရက်နေ့ ခန့်တွင် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည်ကို တွေ့ရှိရပါသည်။

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ ၁၇-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်း ချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေဖိ အားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ မြောက် - အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၅-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင် သည်ကို တွေ့ရှိရပါသည်။

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ ၁၇-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၄-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိ အားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ ကနဦးတွင် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ပြန်ကွေ့ကာ၊ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင် သည်ကို တွေ့ရှိရပါသည်။

အိန္ဒိယနိုင်ငံ၊ Global Forecasting Model (GFS) Data ၏ ၁၇-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီ အချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့ ခန့်တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်  လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ ကနဦးတွင် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ပြန်ကွေ့ကာ၊ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဦးတည် ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

ယခုအချိန်တွင် လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်းမရှိသေးပါ၍ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့် တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန