ကပ်ရောဂါကြောင့်  ဗြိတိန်နိုင်ငံရဲ့ hospitality လုပ်ငန်းမှ လုပ်သား ၅၆၀,၀၀၀ ကျော် အလုပ်ထိခိုက်မှုရှိ

၇ အောက်တိုဘာ

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလအတွင်း  ဗြိတိန်နိုင်ငံရဲ့ ဧည့်ဝတ်ပြုခြင်းဆိုင်ရာ (hospitality)လုပ်ငန်းမှ လုပ်သား ၅၆၀,၀၀၀ ကျော် ရဲ့ အလုပ်အကိုင် ထိခိုက်မှုရှိမှာဖြစ်ကြောင်း အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ဘားတွေ၊ ဟိုတယ်တွေ၊ နိုက်ကလပ်တွေ၊ ပတ်တွေ နဲ့ စားသောက်ဆိုင်တွေ ပိတ်ထားရပါတယ်။

 

ဗြိတိန်ရဲ့ hospitality ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံရေးဆိုင်ရာ အကြီးအကဲ ကိတ် နီကိုလာ က ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်နေတဲ့အတွက် ဒေသတွင်းကန့်သတ်မှုတွေ လုပ်နေမှုကြောင့် သူတို့ထင်ထားတဲ့ အရေအတွက်ထက် အလုပ်မှ လျှော့ချခံရသူ များနေကြောင်း၊ လာမယ့်လ မှာ အလုပ်မှ လျှော့ချခံရသူ ထပ်တိုးလာကြောင်း သတိပေးပြောကြားပါတယ်။

 

အစိုးရရဲ့ ထောက်ပံ့ကူညီရေး အစီအစဉ်အရ အလုပ်မှ ယာယီ ရပ်ဆိုင်းခံရသူ သန်းချီတဲ့ အလုပ်သမားတွေကို လစာငွေ ထောက်ပံ့နေပါတယ်။ အဲဒီအစီအစဉ်ကနေ hospitality လုပ်ငန်းမှ လူပေါင်း ၉၀၀,၀၀၀ ရဲ့ လာစာငွေကြေးထောက်ပံ့နေရာမှ နိုဝင်ဘာလတွင် ထောက်ပံ့တဲ့အရေအတွက် အကြီးအကျယ် လျှော့ချသွားဖွယ်ရှိနေပါတယ်။

 

ဗြိတိန်မှာ ဒီနှစ်ဆန်းက အသွားအလာပိတ်ဆို့မှု လုပ်ခဲ့ပြီး နှစ်လယ်ပိုင်းမှာ  စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်ခွင့်ရရှိခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်များပြားလာတဲ့အတွက် စားသောက်ဆိုင်နဲ့ ပတ်တွေကို ည ၁၀ နာရီမှာ ပိတ်ဖို့ အမိန့်ထုတ်ပြန်ထားချိန်မှာ နိုက်ကလပ်တွေကတော့ ဆက်လက် ပိတ်ထားဆဲဖြစ်ပါတယ်။

 

ဉရောပမှာ ဗြိတိန်နိုင်ငံဟာ ဗိုင်းရပ်စ်ရောဂါပိုးဒဏ် ခံရဆုံးဖြစ်ရာ သေဆုံးသူမှာ ၄၂,၀၀၀ ကျော်ရှိခဲ့တာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP