ကပ်ရောဂါဖြစ်ပွားမှု နှစ်နှစ်ကြာလာပြီးနောက် ပုံမှန်အနေအထားသို့ ပြန်ရောက်လာသည်ဟု ကျွမ်းကျင်သူရှုမြင်

ဝါရှင်တန် မတ် ၁၃

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉ ကို ကပ် ရောဂါအဖြစ် ကြေညာခဲ့သည်မှာ နှစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စ ုဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ လူဦးရေသန်း ၄၅၀ ကျော်မှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီးဖြစ်သည်။ ကိုဗစ်-၁၉ နှင့်ဆက်စပ်ပြီး သေဆုံးသူဦးရေမှာလည်း ခြောက်သန်းကျော် ရှိလာပြီဖြစ်သည်။

ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုနှုန်းမှာလည်း တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ အနောက်နိုင်ငံ များတွင် စီးပွားရေးနှင့် လူမှုရေးလှုပ်ရှားမှုများအတွက် ပြန်လည်လမ်းဖွင့်ပေးသည်ကို တွေ့မြင်လာရသည်။ ဂျော့ဝါရှင်တန်တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဒေးဗစ်မိုက်ကယ်သည် ကိုဗစ်-၁၉ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်မှုမှာ ရှိနေဆဲဖြစ်သော်လည်း ယခုအခါ ပုံမှန်လူနေထိုင်မှုဘဝ ပြန်လည်ရောက်ရှိစေရေး လုပ်ဆောင်လာကြသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

နောက်ထပ် ဗီဇပြောင်းကူစက်မှုများကိုလည်း ထောက်လှမ်းရာတွင် ခိုင်ခိုင်မာမာရှိစေရေးနှင့် ကာကွယ်ဆေး ထိုးပေးခြင်းများကို အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ကြရန် ၎င်းက တောင်းဆိုခဲ့သည်။

ယင်းနည်းလမ်းဖြင့် ကိုဗစ်-၁၉ ကို အားလျော့သွားအောင် လုပ်ဆောင်နိုင်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ