ကပ်ရောဂါဖြစ်တဲ့အတွက် Emirates လေကြောင်းလိုင်းက ခရီးသည်တွေကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ  ပြန်ပေးအပ်ရကြောင်း ထုတ်ပြန်

၇ စက်တင်ဘာ

အရှေ့အလယ်ပိုင်းက အကြီးဆုံးလေကြောင်းဖြစ်တဲ့ Emirates လေကြောင်းလိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားနေတဲ့အတွက် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီလို လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းခဲ့တဲ့အတွက် ခရီးသည်တွေအား  အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ပြန်လည်ပေးအပ်ခဲ့ရကြောင်း ဒီနေ့(တနင်္လာနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။

ကပ်ရောဂါပိုးကြောင့် မတ်လကနေစပြီး ခရီးစဉ်တွေ ဖျက်သိမ်းခဲ့တဲ့အတွက် လေကြောင်း ခရီးစရိတ်တွေ ပြန်အမ်းနေရာ အခုချိန်မှာ ၉၀ ရာခိုင်နှုန်းအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်အထိ သုံးစွဲပြီးကြောင်း၊ အဲဒီငွေကြေးပမာဏဟာ လေကြောင်းလိုင်းရဲ့ ၃၂ နှစ်တာ အမြတ်ငွေနဲ့ညီမျှကြောင်း သိရပါတယ်။

ဒူဘိုင်းက ခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ တားမြစ်မှုတွေကို ဖျက်သိမ်းပြီးနောက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး မပျံ့နှံ့ခင်က Emirates လေကြောင်းလိုင်းပြေးဆွဲနေတဲ့ ခရီးစဉ်ပေါင်း ၁၅၇ ခုထဲကနေ ခရီးစဉ် ၈၀ ကို ပြန်လည်ပြေးဆွဲနေပြီလို့ သိရပါတယ်။

 

mdn

 

လေကြောင်းလိုင်းရဲ့ အကြီးအကဲက လာမယ့်နှစ် နွေရာသီမှာတော့ ခရီးစဉ်တွေအားလုံး ပုံမှန် ပြန်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဗိုင်းရပ်စ်ပိုး မဖြစ်ပွားမီက လေယာဉ်မှူး ၄၃၀၀ ၊  လေယာဉ်မောင်၊ လေယာဉ်မယ် ၂၂၀၀၀ အပါအဝင် ဝန်ထမ်း ၆၀၀၀၀ နီးပါး ခန့်ထားကြောင်း သိရပါတယ်။

ဒူဘိုင်းရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ခရီးသွား ၁၆ သန်း လာရောက်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ မဖြစ်ပွားခင်က ၂၀၂၀ အတွက် ခရီးသွား သန်း ၂၀ လာရောက်ရန် ရည်မှန်းချက်ထားခဲ့ကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP