ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် MPEG Co. Ltd. မှ တာဝန်ရှိသူများ တွေ့ဆုံ

ဘားအံ ဒီဇင်ဘာ  ၃

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂ ရက်က MPEG Co. Ltd. မှ တာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် MPEG Co. Ltd. မန်နေဂျင်းဒါရိုက်တာ ဒေါ်မြကေသီက  ကိုရီးယားနိုင်ငံ ရာသီသီးနှံ စိုက်ပျိုးရေးလုပ်သားများ ခေါ်ယူခြင်းလုပ်ငန်းကို ကရင်ပြည်နယ် ကိုယ်စားလှယ်အဖြစ် တစ်ရာသီလျှင် စိုက်ပျိုးရေးသမား ၅၀ မှ ၂၀၀ အတွင်း ပို့ဆောင်နိုင်ရေးကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)