ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များစာကြည့်တိုက်သို့ လာရောက်လေ့လာ 

ဘားအံ ၁၆ မေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသပတ်ဝန်းကျင်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများရရှိစေရေး၊ပြည်သူ့စာကြည့်တိုက်တွင် ကလေးငယ်များပါမကျန် လူတိုင်းအတွက် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို သိရှိစေရန်အတွက်ရည်ရွယ်ပြီး မေ ၁၅ ရက် ညနေပိုင်းက ပြည်နယ်အတွင်းရှိ (၆) မြို့နယ်မှ လူငယ်ကိုယ်စားလှယ်များသည် ပြည်သူ့စာကြည့်တိုက်သို့လာရောက် လေ့လာကြရာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးရုပ်သံများကိုလည်း ပြသပေးခဲ့ကြောင်းသိရသည်။

 

1000

 

ဦးစွာ ပြည်နယ်အတွင်းဒေသအသီးသီးမှ လူငယ် ကိုယ်စားလှယ်များအား ဘားအံခရိုင်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ တွေ့ဆုံပြီး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်း၊ ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးအေးတို့က မိတ်ဆက်စကားပြောကြားကာ လေ့လာနိုင်သည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ရုပ်သံဗီဒီယိုများကို ပြသပေးခဲ့ကြသည်။

 

1001

 

ဆက်လက်၍ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ ပျော်မွေ့စေရန်စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ကလေးစာပေးများ ထားရှိဖတ်ရှုနိုင်မှုများအား လေ့လာစေခဲ့ပြီး ကလေးငယ်များ စိတ်ဝင် စားစေမည့် ပုံပြင်သရုပ်ဖော်ခြင်းများကိုစာကြည့်တိုက်တာဝန်ခံများက ဦးဆောင်ပြီးလက်တွေ့ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ပြည်သူ့စာကြည့်တိုက်ရှိ ပြတိုက်ငယ်တွင်လည်းကောင်း၊ ပြည်သူ့ စာကြည့်တိုက်တွင် ငှာရမ်းဖတ်ရှုနိုင်သည့် စာအုပ်များ စာငှားသူများအဆင်ပြေစေရန် စာငှားမှုနည်းစနစ်များကို ဆက်လက်လေ့လာ ခဲ့ကြောင်းသိရသည်။            

နေမျိုးလွင်(ပြန်/ဆက်)