ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်မည့် အဖွဲ့အား လက်ခံတွေ့ဆုံ

ဘားအံ ဩဂုတ ၁၆

 

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသည့် True World Co., Ltd အား ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံရာတွင် True World Co., Ltd ၏ Managing Director ဦးစိုးဇေယျာက လှိုင်းဘွဲမြို့နယ်၊ ရေဘုတ် ရေလှောင်တမံတွင် Floating System ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း တိုးတက်လုပ်ဆောင်နေမှု အခြေအနေ၊ မူလတင်ပြထားသော ရေဘုတ်ရေလှောင်တမံ၌ လျှပ်စစ်ဓာတ်အား Floating 50 MW အပြင် အခြားသင့်လျော်သော နေရာတစ်ခု၌ Ground Mounted 100 MW (၁၀၀ မီဂါဝပ်) ထုတ်လုပ်နိုင်ရေး ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)