ကသာမြို့နယ် ရွှေလီမြစ်အတွင်းမှ တရားမင်ကျွန်းသစ် (၄၃)လုံးနှင့် ကညင်ခွဲသားများ ဖမ်းဆီးရမိ

ကသာ ၁၆ ဧပြီ

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ရွှေလီမြစ်အတွင်း ကျွဲခြံကျေးရွာအနီးမှ တရားမဝင်ကျွန်းသစ်လုံးနှင့် ကညင်ခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရပါသည်။

 


ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင် ကသာခရိုင် သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးဆောင်သော အဖွဲ့သည်သ င်္ကြန်ကာလအတွင်းပွဲတော်ကို အမှီပြု၍ သစ်မှောင်ခိုများ သွားလာလှုပ်ရှားနိုင်သဖြင့် သက်သေများနှင့်အတူ ကသာမြို့နယ်၊ အင်းရွာဘိနယ်ရှိ ရွှေလီမြစ်အတွင်း နယ်မြေကွင်းဆင်းဆောင်ရွက်နေစဉ် ကျွဲခြံကျေးရွာအနီး ဆိုက်ကပ်ထားသော ဝါးဖောင်အား မသင်္ကာ၍ သွားရောက်စစ်ဆေးရာ အဆိုပါဝါးဖောင်းအတွင်းမှ တရားမဝင်ကျွန်းသစ်လုံး (၄၃)လုံး (၈ ဒသမ ၂၈၈)တန်၊ ကညင်ခွဲသား (၂၆၅)ချောင်း (၂ ဒသမ ၄၂၇၆)တန်အား ရှာဖွေစစ်ဆေး တွေ့ရှိရသဖြင့် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 


လူအောင်(ကသာ)
 

dd