ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိ

ကသာ ဇန်နဝါရီ ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ကသာမြို့တော် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ လာရောက်ထိုးနှံကြပြီး ကသာမြို့နယ်၌ COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း(၂၆၀၀)ဦးနှင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဇန်နဝါရီ ၂၇ ရက်နေ့အထိ လူဦးရေပေါင်း(၂၁၈၂၅)ဦးကို ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ Sinovac ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူပေါင်း (၃၃၁၀)ဦးအထိ ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)