ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၂၄၁ ဦး ကျောင်းလာရောက် အပ်နှံပြီးဖြစ်

ကသာ ဇွန် ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ဇွန် ၁ ရက် နံနက် ၉ နာရီ အချိန်မှစ၍ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

 

ကသာမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၇)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၂၅)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ စုစုပေါင်း (၄၉)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်နေ့အထိတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၂၄၁)ဦး ကျောင်းလာ ရောက်အပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကျောင်းအပ်နှံခြင်းဆောင်ရွက်ရာတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် တာဝန်ရှိသူ များက အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

နေခ (ပြန်/ဆက်)