ကသာမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၉  ဇူလိုင်

မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၈ ရက် နံနက် ၁၀နာရီခွဲက ကသာမြို့နယ်၊ ကသာ-အင်းတော်သွားကားလမ်းတွင် ကံကောင်း (ခ) ဇော်မင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ခရီးဆောင်အိတ် အတွင်းမှ ဘိန်းဖြူ ၃၃၀ ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ကိုရဲ