ကုလအတွင်းရေးမှူးချုပ်က တူရကီတွင်ရေကြီးမှုနှင့် ရွှံ့နွံများပြိုဆင်းမှုကြောင့် အသက်ဆုံးရှုံးရသူများအတွက် ဝမ်းနည်းကြောင်းပြောကြား

ဂျီနီဗာ ဩဂုတ် ၁၆

 

တူရကီနိုင်ငံတွင် မကြာသေးမီကာလအတွင်း တောမီး အကြီးအကျယ်လောင်မှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်းတွင် ရေကြီးမှုနှင့် ရွှံ့နွံများ ပြိုဆင်းမှု ဖြစ်ပေါ်ခဲ့ရာ အသက်ဆုံးရှုံးမှုများနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည်။

 

ယင်းအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဝမ်းနည်းကြောင်း သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာ ရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင်ဒူဂျာရစ်က တူရကီတွင် သဘာဝဘေးဒဏ်ခံ မိသားစုများအတွက် ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ကုလသမဂ္ဂအဖွဲ့အစည်းသည် သဘာဝဘေးအန္တရယ်စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည့် တူရကီနိုင်ငံနှင့် တစ်သားတည်းရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ဩဂုတ် ၁၁ ရက်တွင် နိုင်ငံမြောက်ပိုင်း မိုးသည်းထန်စွာ ရွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့သည်။ ရေကြီးမှုကြောင့်လူ ၆၀ ကျော်ထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

 

ဆင်ဟွာ