ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အလုပ်သမား ပြန်လည်ခေါ်ယူရေး‌ တောင်းဆို

၁၄ နိုဝင်ဘာ

 

နိုင်ငံခြားဝင်ငွေဖြင့် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား မြောက်ကိုရီးယားမှ ပြန်လည် ခေါ်ဆိုနိုင်ရေး နိုင်ငံတကာ လူ့အဖွဲ့အစည်းများက မြောက်ကိုရီးယားအပေါ် တင်းကျပ်သည့် ဉပဒေပြဋ္ဌာန်းရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ဉရောပအဖွဲ့ဝင် သုံးဉီးက တိုက်တွန်း ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ လက်အောက်ခံဖြစ်သော မြောက်ကိုရီးယား အရေးဆိုင်ရာ အရေးယူမှု ကော်မတီက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် တံခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့သည်။ ကောင်စီဉက္ကဋ္ဌြဖစ်သော ဂျာမနီဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးက ဗြိတိန်နှင့် ပြင်သစ်သံအမတ်များ ထောက်ခံထားသော ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် တာလတ်ပစ် ဒုံးကျည်အပါအဝင် မေလမှစ၍ မြောက်ကိုရီးယားမှ စမ်းသပ်လွှင့်တင်သော ဒုံးကျည်များနှင့် ပတ်သက်၍ ဝေဖန်ထားကြောင်း သိရသည်။ အဆိုပါ လုပ်ရပ်များသည် ဒေသတွင်း လုံခြုံရေးကို လျော့ပါးစေပြီး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေကြောင်း ပြောဆိုခဲ့သည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၂၂ ရက်ထက် နောက်မကျဘဲ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသော မြောက်ကိုရီးယား နိုင်ငံသားများ ပြန်လည်ပို့ဆောင် ပေးရန်အတွက် မြောက်ကိုရီးယား အလုပ်သမားများ၏ အဓိက စုရပ်ဖြစ်သော တရုတ်နှင့် ရုရှားကို သွယ်ဝိုက်သော နည်းဖြင့် တောင်းဆိုခဲ့သည်။ သို့သော်လည်း အဆိုပါ ထုတ်ပြန်ချက်သည် ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်တို့ ရေးဆွဲထားသော ထုတ်ပြန်ချက်ပြီး လုံခြုံရေး ကောင်စီမှ အထင်အမြင် ယူဆချက်များကို စုပေါင်းထားသော ထုတ်ပြန်ချက် မဟုတ်ပေ။ ပြုံယမ်းနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် မည်သည့် နိုင်ငံများက အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာမည် ဆိုသည်မှာ မရှင်းလင်းသေးကြောင်း သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်