ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး  Mr.FilLippo  Grandi နှင့်အဖွဲ့ မောင်တော၊ ဘူးသီးတောင်ဒေသမှ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းလေ့လာ

မောင်တော  ၂၁ မေ  

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FilLippo Grandi နှင့် အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာ၊ ရွာမဂုံးနားကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

 

5966

 

ယင်းနောက် ဒေသခံပြည်သူများအား တွေ့ဆုံပြီးလိုအပ်ချက်များ မေးမြန်း၍ ရွာမဂုံးနားကျေးရွာရှိ သောက်သုံးရေကန်ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုသည်။ ဆက်လက်၍ မဟာမင်းကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက် ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ဒေသခံ ပြည်သူများနှင့်တွေ့ဆုံသည်။  

 

6024


 
ယင်းသို့ တွေ့ဆုံရာတွင်   မဟာမင်းကြီးက     မိမိသည်လူသားချင်းစာနာမှု    ကိစ္စများကို ကိုယ်စားပြုဆောင်ရွက်နေသူဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် အစိုးရနှင့်ပူးပေါင်းပြီး လိုအပ်သည့် ဒေသများတွင် ကူညီထောက်ပံ့ပေးရန် အသင့်ရှိကြောင်း ပြောကြားသည်။

 

6090

 

ထို့နောက် မဟာမင်းကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာသို့ ရောက်ရှိကာ အမက(မူလွန်) ကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ သိရှိလိုသည်များ မေးမြန်းပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုသည်။  
   
ဆက်လက်၍ မဟာမင်းကြီးနှင့်အဖွဲ့သည် ပန်းတောပြင် (အလယ်) ရွာ အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံပြီး လိုအပ်သည်များအား မေးမြန်းကာ မဟာမင်းကြီးနှင့် အဖွဲ့သည် ကျေးရွာစာသင်ကျောင်းပြုပြင်ရေးနှင့် ရေငန်တားတာ တည်ဆောက်လိုသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပန်းတောပြင်ရွာသစ်သို့ သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းဆောက်လုပ်ပေးသည့် နေအိမ်သစ်များအား ကြည့်ရှုခဲ့သည်။

ခရိုင်(ပြန်/ဆက်)