ကုလသမဂ္ဂ မတ် ၂၈
ကုလသမဂ္ဂရဲအရာရှိများအတွက် လေ့ကျင့်ရေး အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ယမန်နေ့က ကျင်းပခဲ့သည်။
ကင်ညာနှင့် ကင်မရွန်းအပါအဝင် နိုင်ငံရှစ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ကူညီထောက်ပံ့
အဆိုပါအစီအစဉ်ကို ဂျပန်နိုင်ငံက ငွေကြေးကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။
ကုလသမဂ္ဂရဲအရာရှိများသည် ကမ္ဘာ့ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ပါဝင်ကြမည်ဖြစ်သည်။
လက်ရှိတွင် ကုလသမဂ္ဂ၏ စစ်ဆင်ရေးများကို ပံ့ပိုးကူညီရန် နိုင်ငံအသီးသီးမှ ရဲအရာရှိ ၅၀၀၀ ခန့်ကို တပ်ဖြန့်ထားသည်။ ၎င်းတို့တွင် တရားဥပဒေ စိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရွေးကောက်ပွဲတွင် ပါဝင်ကူညီမှုများ ပါဝင်သည်။
မပေါက်ကွဲသေးသောလက်နက်များကဲ့သို့သော ဖောက်ခွဲရေးပစ္စည်းများကို ရှောင်ရှားနည်းနှင့် လက်နက်ခဲယမ်းမီးကျောက်များ စီမံခန့်ခွဲမှုတို့ကို လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ထည့်သွင်း လေ့ကျင့်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ လေ့ကျင့်ရေးသင်တန်းများကို ယခုနှစ် ဒုတိယ နှစ်ဝက်တွင် အာဖရိကမြောက်ပိုင်းရှိ တူနီးရှားနှင့် အခြားနေရာများတွင် ပြုလုပ်ရန် စီစဉ်ထားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


