ဒေးဒရဲ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများ ငါး၊ ပုစွန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရေချိုပုစွန်ဘော့ချိတ်နှင့် ပုစွန်အကျော့များကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးကြောင်း သိရသည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက ရေချိုပုစွန်ဘော့ချိတ်နှင့် ပုစွန်အကျော့ ပိဿာ အချိန် (၄၀) အား တစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ပြည်သူများအား ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ပြည်သူများအား ကုန်စျေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးအတွက် ဌာနဆိုင်ရာများက ကြက်သား၊ ဝက်သား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥနှင့် စားသုံးဆီများကို အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း