ပဲခူး ၂၆ ဖေဖော်ဝါရီ


COMMODITY EXCHANGE ကုန်ပစ္စည်း လဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာ လုပ်ငန်းမိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် Youth Force (လူငယ့်အားမာန်) မှ ဦးတင်ထွန်းအောင်က ကုန်ပစ္စည်း လဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်း မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။


ထို့နောက် ကုန်ပစ္စည်း လဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းနှင့် ပတ်သက်၍ ဗွီဒီယိုပြသပြီး အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။


ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းအား နိုင်ငံသားများပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော YOUTH FORCE GROUPIES OF COMPANY မှ ဦးဆောင်ကာ ဟောင်ကောင်အခြေစိုက် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ASEAN ECONOMIC DEVELOPMENT& TRADE(H.K) နှင့် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်သည်။ 


အခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ Youth Force (လူငယ့်အားမာန်)မှ ဦးတင်ထွန်းအောင်နှင့် တာဝန်ရှိသူများ၊ မီဒီယာများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

 

123