ကျုံပျော်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

ကျုံပျော်    ဇွန်    

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိမ်းကွီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ တက်ရောက်လာသော သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပေးသော အတက်ပညာများကို စဉ်ဆက်မဖြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်ရန် ကြိုးစားသင်ယူသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် သင်တန်းတွင်တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်သူများအား သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းတွင်ထူးချွန်ဆု ရရှိသူများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းကို ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများမှသင်တန်းသား သင်တန်းသူ(၃၀)ဦး တက်ရောက် ခဲ့ပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၁)လကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

စိုးမိုကျော်