ကျုံပျော် ဇွန် ၁၈

 

၂၀၂၆ ခုနှစ် မိုးစပါးရာသီ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချသရုပ်ပြစိုက်ပျိုးပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရေနောက်ကျေးရွာရှိ လယ်မြေဧက ၅၀ ၌ ဇွန် ၁၇ ရက်က ပြုလုပ်သည်။

 

ရှင်းလင်းပြောကြား

 

အခမ်းအနားတွင် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှုသက်သာ၍ လုပ်သားရှားပါးမှုကို လျှော့ချနိုင်ကြောင်းနှင့် လယ်မြေအတွင်း ပေါင်းသတ်ဆေး အလွန်အကျွံမသုံးစွဲရန် ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တောင်သူလယ်သမားများလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ပေးအပ်ပြီး တောင်သူ ဦးမောင်မြင့်၏ လယ်မြေတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

နေဝင်းမြင့်(ပြန်/ဆက်)