ကျုံပျော် မေ ၂၁

 

သဘာဝမြေဩဇာမြေဆွေးပုံ လက်တွေ့သရုပ်ပြ ပြုလုပ်ခြင်းနှင့် တောင်သူနည်းပညာပြန့်ပွားရေး ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဘုရာကလေးဆိပ်ကျေးရွာ၌ မေ ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

 

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝမြေဩဇာ မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်အား လက်တွေ့သရုပ်ပြပြုလုပ်သည်။

 

ထို့နောက် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက တောင်သူများ အကျိုးအမြတ်ရှိအောင် ယခုကဲ့သို့ သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲရန်၊ သစ်စိမ်းမြေဩဇာထည့်သွင်းရန်၊ အထွက်နှုန်းကောင်းသည့် မျိုးများပြောင်းလဲသုံးစွဲကြရန်နှင့် လယ်ယာမြေဥပဒေအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)