ကုန်းရွာကျေးရွာတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြည်သူများပူးပေါင်းစိုက်ပျိုး

ယင်းမာပင်  ၂၀  ဇွန်   

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရာသီဥတုများဖောက်ပြန်လာမှု၊ ဂေဟစနစ်ကိုပြန်လည်ထိန်းညှိနိုင်ရန်နှင့် ရာသီဥတု ညီညွှတ်မျှတလာစေရန်တို့ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကုန်းရွာကျေးရွာ ပြည်သူများ ပူးပေါင်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၇၄)နှစ်မြောက်မွေးနေ့မှာ ပျိုးပင်ပေါင်း ၃၁၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဇွန် ၁၉ ရက် ညနေ ၄ နာရီက ကုန်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

 

1111

 

"လက်ရှိမှာ သစ်တောဖုံးလွှမ်းမှုများ ပိုမိုကောင်းမွန်ပြီး သစ်တော သစ်ပင်များစိမ်းလန်းစိုပြည်လာမှ သဘာ၀ဘေး အန္တရာယ်ကျရောက်မှုများ လျော့နည်းသက်လာစေရန်၊ သဘာဝပတ်ဝန်းကျင်သစ်တောများတိုးတက် ကောင်းမွန်ပြီး ဂေဟစနစ်ကို ထိန်းညှိလာနိုင်စေရန်တို့ကို ကောင်းမွန်လာအောင် ဆောင်ရွက်နေသလို ကျေးရွာပြည်သူများပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့်  ပြည်သူများ သစ်ပင်စိုက်ပျိုးပြုစုခြင်းကို ပူးပေါင်းပါဝင်လာရင်  သစ်တောဖုံးလွှမ်းမှုများ တိုးတက်ကောင်းမွန်လာအောင် ပြည်သူအခမဲ့ဖြန့်ပျိုးပင်များကို ပြည်သူနှင့် ပူးပေါင်းစိုက်ပျိုးပေးခြင်းဖြစ်ပါတယ်"ဟု ယင်းမာပင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးထွန်းက ပြောသည်။

 

3333

 

အဆိုပါစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ကုန်းရွာကျေးရွာ ပြည်သူများက ရတနာတန်းဝင် ကျွန်းပင် ၅၀၀ ၊ နံ့သာဖြူပင် ၅၀၀၊ လျှော်ဖြူပင်   ၂၁၀၀  စုစုပေါင်း ၃၁၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သန်းဌေးအောင်(ကနီ)